Friday, December 7, 2012

--- ဘလော့ ပိုင်ရှင် ဖြစ်သော အနုပညာရှင် တစ်ယောက်၏ ရင်ထဲက အသံ ... ...။

ကျွန်တော်တို့  သဘင်ပညာသည်တွေကို တစ်ချို့ လူတွေက နှိမ့်ချ ဆက်ဆံကြတယ် ။ အထူးသဖြင့် လူချမ်းသာ အသိုင်းအ၀ိုင်းတွေပေါ့ ။ သူတို့ တွေက ကျွန်တော်တို့  သဘင်ပညာသည်တွေဟာ ဖက်ခွက်စားသမားတွေလို့ လည်း အပြောခံခဲ့ကြရပါတယ် ။ အဲ့ဒီလို စကားလုံးတွေကို ခံစားရတဲ့ သဘင်ပညာရှင်တွေဟာ ရင်ထဲမှာ နင့်နေတာပဲ ။ နေရာတကာမှာလည်း ပေါ်ပေါ်ထင်ထင် မဖြခဲ့ရဘူး ။
ခု ခေတ် ( ဟစ်ဟော့တွေ ရပ်ပါ တွေ ) ခေတ်စားလာတော့ ကျွန်တော်တို့  မြန်မာ့သဘင်ဟာ ပြောက်ကွယ်လုနီးနီး တောင်ဖြစ်လာသလိုပဲ ။ တော်တော်လေးကို ၀မ်းနည်းမိတယ် ။ ဒါကြောင့် ကျွန်တော်
တို့  မြန်မာ့ အနုပညာကို မြန်မာတွင်မက ကမ္ဘာကပါ သိအောင်လို့  ကျွန်တော်တို့  အနုပညာရှင် အသိုင်းအ၀ိုင်းက ကြိုးစားပေးကြပါလို့  မေတ္တာ ရပ်ခံအပ်ပါတယ် ။ ဒီဘလော့ကို  တည်ဆောက်ရတဲ့ ရည်ရွယ်ချက်ကတော့ ကျွန်တော်တို့  မြန်မာ့အနုပညာ ထွန်းကား စေရန် ရည်သန်ပြီးတော့ တည်ဆောက်ရခြင်းဖြစ်ပါတယ် ။
                                             အနုပညာရှင် အပေါင်းအား အစဉ်လေးစားလျှက်
                                                 ကျွန်တော်
                                                                 အောင်ထက်ကျော်              

No comments:

Post a Comment